Tuesday, October 7, 2008

ရွှေစာစုများအကြောင်း...

ကျွန်မ သူများဘလော့ဂ်တွေ လျှောက်လည်ပြီး သူများရေးတာလေးတွေ ဖတ်၊ သဘောတွေကျ... ကွန်မက်..အဲ.. မြန်မာလိုဆို... မှတ်ချက်တွေ သွားပေး။ ဆရာလူထုစိန်ဝင်းက ဆောင်းပါးကနေ ဆူထားလို့ ကျွန်မလည်း တတ်နိုင်သမျှ မြန်မာမှုပြုဖို့ စိတ်ကူးထားလို့ပါ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ မမိုးချိုသင်းရဲ့ ဘလော့ဂ်မှာလည်း ဆရာတင်မိုးက တွေ့သမျှ လမ်းနံမယ်တွေကို မြန်မာမှုပြုထားတာက ချစ်စရာသိပ်ကောင်းတာကို သဘောကျ။

အဲ.. နေပါဦးလေ။ ပြောချင်တာက ကိုယ်က သူများစာမျက်နှာတွေမှာ မနေနိုင်မထိုင်နိုင် မှတ်ချက်တွေ ၀င်ရေးပေမယ့် ကိုယ့်ဆီမှာကျ တင်စရာ စာမရှိနေပြန်ပါဘူး။ ရေးပါလား ဆိုရင်တော့လည်း မရေးတတ်။ ဒီတော့ ကိုယ်လည်သမျှ သဘောကျတဲ့စာတွေကို ဘလော့ဂ်ပိုင်ရှင်တွေဆီက ခွင့်တောင်းပြီး တင်ရင် ကောင်းမလားပဲ။ အကြံအဖန်လုပ်တာ မဟုတ်ရပါ။ တကယ် သဘောကျ နှစ်သက်တဲ့ စာလေးတွေကို စုဆောင်းထားချင်တဲ့ စိတ်ကြောင့်ပါ။ ဟိုတနေ့က ဖတ်လိုက်ရတဲ့ မနိုင်းနိုင်းစနေရဲ. မင်္ဂလာစု စာအုပ်လေးကိုလည်း သဘောကျရဲ.။ သဘောကျနှစ်သက်မိတဲ့ စာလေးတွေကတော့ အများကြီးပါပဲ။ ကိုယ်ကြိုက်တဲ့ ရွှေစာစုလေးတွေပေါ့။ မကောင်းဘူးလားဟင်။

Saturday, October 4, 2008

ချိုတူးဇော်ရဲ. လွမ်းဆိမ့် စ-ဆုံး။

အခုတလော အီးမေးလ်တွေထဲမှာ ပလူပျံနေတဲ့ ဒီ pdf ဖိုင်လေးကို scribd ပေါ်တင်ပြီး ဘလော့ဂ်မှာ တင်ထားပါရစေ..။ လေနုအေးရဲ့ မတန်ခူးကတော့ လာ.. လွမ်းကြစို့ လို့ ညွှန်းခဲ့တဲ့ စာကလေးပါ။ အဲဒီအချိန်နဲ့ ခေတ်ပြိုင်ဖြစ်ခဲ့တဲ့ သိမှီခဲ့တဲ့ သူတိုင်း ပြန်သတိရစရာလေးတွေပါပဲ။ စာရေးသူ ချိုတူးဇော်ကတော့ နံမယ်ရင်းတွေကို တပ်ပြီး ရေးလိုက်တာပါပဲ။ source ကတော့ ဘယ်ကမှန်းမသိပေမယ့် အမှတ်တရ သဘောကျလို့ တင်ထားလိုက်တာပါ။ ကျမကတော့ ခံစားလို့ရခဲ့တာပေါ့။ တနှစ်တည်းသမားတွေ ဖြစ်နေခဲ့တာကိုး။