Monday, April 28, 2014

အလုပ်တွင်စေမယ့် အချက် ၂၄ ချက်

၁။ ပုံမှန် အိပ်ယာထနေကျ အချိန်ထက် တစ်နာရီ စောပြီး ထပါ။ 

၂။ တနင်္ဂနွေနေ့ ညနေခင်းပိုင်းတွေကို လာမယ့် သီတင်းပတ်အတွက် တပတ်စာ ကြိုတင် အစီအစဉ်ရေးဆွဲဖို့ အသုံးပြုပါ။  

၃။ "ဟင့်အင်း" လို့ ပြောနိုင်ပါစေ။ မလိုအပ်တာများကို လစ်လျူရှူထားလိုက်ပါ။ ကိုယ်လုပ်နေတဲ့ ကိစ္စ အောင်မြင်ပြီးမြောက်ဖို့ တခုတည်းကိုသာ အာရုံစူးစိုက်ထားပါ။ 

 

၎။ သန့်ရှင်းရေးလုပ်ဖို့ သင့်တန်ဖိုးရှိတဲ့ အချိန်တွေ အကုန်မခံပဲ သန့်ရှင်းရေးသမား ခေါ်ပါ။ (သင့်အချိန်များက အဲဒါတွေထက် အဆပေါင်းများစွာ တန်ဖိုးရှိတာကို နားလည်ထားပါ) 

 

 ၅။ ဖုန်းမှာ အီးမေးလ်တွေကို ပိတ်ထားလိုက်ပါ။  

 

၆။ လွယ်ကူရှင်းလင်းတဲ့ to- do list ကိုပဲ သုံးပြီး နေ့စဉ် လုပ်စရာ သုံးခုကိုပဲထားပါ။ အဲဒါတွေကို မဖြစ်မနေ ပြီးမြောက်အောင် လုပ်ပါ။  

  

၇။ အရေးကြီးဆုံး အလုပ်များကို ဦးစားပေးပြီး အစီအစဉ်ဆွဲ လုပ်ဆောင်ပါ။  

 

၈။ အရေးမပါတဲ့ အစည်းအဝေးတွေကို ရှောင်ပါ။ သွားရမယ်ဆိုရင်လည်း သေချာရေရာတဲ့ အဖြေတခုရအောင် လုပ်မယ်လို့ စိတ်ထဲမှာ ပြင်ဆင်ထားပါ။ 


၉။ တွေ့ဆုံဆွေးနွေးပွဲတိုင်းရဲ့ အပြီးသတ်မှာ ရှေ့ဆက်ရမယ့် နောက်တဆင့်ကို သိပါစေ။  

 

၁၀။ မလိုအပ်တဲ့ web sites တွေကို သွားလို့မရအောင် ပိတ်ထားပါ။   

 

၁၁။ မိနစ်သုံးဆယ်ပြည့်တိုင်း အလုပ်တခုထဲကို အာရုံစူးစိုက်ပြီး ပြီးမြောက်နိုင်အောင် အချိန်အကန့်အသတ် သတ်မှတ်ထားပါ။ နာရီဝက်ပြည့်တိုင်း တမိနစ်ခန့် အနားပေးပြီးမှ ပြန်လည်အာရုံစူးစိုက်ပါ။  

 

၁၂။ နှစ်နာရီကြားတိုင်းမှာ ဆယ်မိနစ်မှ မိနစ် နှစ်ဆယ်ကြား သေသေချာချာ အနားပေးပါ။ သင်ကြိုက်တဲ့ သီချင်းနားထောင် သီဆိုခြင်း၊ ပေါ့ပါးတဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်ပြီး လေကောင်းလေသန့် ရှူပါ။  

 

၁၃။ ကိုယ့်ဘာသာကိုယ် ပြန်လည် သုံးသပ် ဆန်းစစ်ဖို့က “ ငါ အခုလုပ်နေတာတွေက မှန်ကန်တဲ့ လမ်းကြောင်းပေါ်ရောက်နေပြီး ငါအလိုရှိတဲ့ ပန်းတိုင်ကို ရောက်ဖို့ နီးလာနေပြီလား ဆိုတာပါပဲ။  

 

၁၄။ ကိုယ်ဘာကို လိုချင်လို့ လုပ်နေတာလဲဆိုတာ သိနေဖို့က အရေးကြီးသလို ဘယ်လိုမျိုး အဆုံးသတ်ရှိရမလဲဆိုတာကိုလဲ သင်သိနေရမှာ ဖြစ်ပါတယ်။ 

 

၁၅။သင်အလုပ်လုပ်နေတဲ့ အချိန်တွင်း စိတ်အားထက်သန်စေမယ့် တေးဂီတမျိုး ဖွင့်ထားခြင်းက သင့်ရဲ့ စွမ်းအား အခြေအနေကို မြင့်မားစေပါတယ်လေ 

 

၁၆။ သင့်ကို စိတ်အနှောင့်အယှက် အတားအဆီးဖြစ်စေတဲ့ အချက်တွေကို အိုင်ဒီယာစာအုပ်ထဲကို စွန့်ပစ်ထားလိုက်ပါ။ နောက်တပတ်လောက်ကြာရင် ပြန်ကြည့်ကြည့်ပါ။ 

 

၁၇။ သင့်ကြိုးစားမှုကြောင့် ရရှိခဲ့တဲ့ အောင်မြင်မှု အသီးအပွင့်တွေကို သေသေချာချာ မှတ်တမ်းတင်ထားပါ။ 

 

၁၈။ အရေးကြီးတာတွေနဲ့ အရေးမပါတာတွေကို ရှင်းရှင်းလင်းလင်း နားလည်ထားပါ။ 

 

၁၉။တခုခုလုပ်ဖို့ အချိန်ဆွဲပြီး နှောင့်နှေးနေတတ်ရင် ခုချက်ချင်းပဲ ထ လုပ်လိုက်ပါ။  

 

၂၀။ TVဖွင့်ပြီး ရှေ့မှာ အလဟဿ အချိန်တွေ ကုန်ဆုံး မနေပါစေနဲ့။  

 

၂၁။ အင်တာနက်ကို တကယ်မလိုအပ်တဲ့ အချိန်မှာ ပိတ်ထားလိုက်ပါ။ တကယ်လို့ ရေးစရာ၊ စိတ်ကူးစိတ်သန်း ကွန့်မြူး ဆန်းသစ် စရာတွေ လိုအပ်နေပြီဆိုရင် အင်တာနက်မရှိတဲ့ ကော်ဖီဆိုင်ကို ရွေးချယ်ပါ။  

 

၂၂။ လိုအပ်ရင် အကူအညီသုံးပါ။ သင် သုံးပတ်လောက် အချိန်ယူပြီး လုပ်ရမယ့်အရာကို နှစ်ရက်အတွင်း အပြီးလုပ်နိုင်မယ့် ကျွမ်းကျင်သူတွေဆီမှာ ယုံကြည်စိတ်ချစွာ အပ်နှံထားလိုက်ပါ။   

 

၂၃။ လုပ်သင့်တယ်လို့ ပြောမယ့်အစား၊ ကျွန်တော် လုပ်မယ် လို့ပဲ ပြောပါ။ Yoda ပြောသလိုပါပဲ။ ကြိုးစားကြည့်မယ်ဆိုတာ မရှိပါဘူး။ လုပ်တာနဲ့ မလုပ်တာပဲ ရှိပါတယ် ဆိုတာလိုပေါ့။

 

၂၄။ ဖုန်းတိုင်းကို ဖြေစရာမလိုပါဘူး။ သူတို့ အရေးကြီးရင် မက်ဆေ့ခ်ျ ချန်ထားပါလိမ့်မယ်။


( http://www.forbes.com/sites/work-in-progress/2012/10/14/24-ways-to-be-uncommonly-productive-today/)