တနေ့ တနေ့ မေသဇင် ဘာတွေလုပ်နေသလဲ။
တကယ်တမ်း ဘယ်သူ့မှ မသိတဲ့ နေရာလေးမှာ ပုန်းနေချင်တာလေ.။ ငယ်ငယ်က တူတူပုန်းသလိုပေါ့။ ဒါကြောင့် ဘလော့ဂ်နံမယ်ကိုက ကမ္ဘာ့အပြင်ဘက်ခြမ်းမှာ...လေ။ ဘလော့ဂ်တွေ လျှောက်ဖတ်တယ်။ သဘောကျတဲ့ စာတွေ ဖတ်ရရင်.. ကိုယ့်စိတ်ထဲက ရင်းနှီးနေရင်.. ကွန်မက်တွေ ၀င်ရေးတတ်တယ်။ တွေ.ကရာ စီဘောက်စ်ထဲ လျှောက်ရေးနေတာမျိုး မဟုတ်ပေမယ့် ကွန်မက် ၀င်ရေးဖို့ ဂူးဂဲလ် အကောင့်လိုလာတယ်။ ဒါနဲ့ပဲ ဒီဘလော့ဂ်လေး လုပ်ဖြစ်သွားပါတယ်။ နောက် ဒီအတိုင်းထားလို့ မဖြစ်ချေဘူးဆိုပြီး ဟိုဟာလေးထည့်လိုက်၊ သည်ဟာလေးထည့်လိုက်ပေါ့။ သိပ်များများစားစားတော့မရှိပါဘူး။
တကယ်တော့ မေသဇင်က အစကထဲကိုက လူသိများတဲ့ အမျိုးသမီးမဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်နံမယ်ရင်းမဟုတ်တဲ့ နာမယ်လေးတစ်ခုနဲ့ နေနေတာပါ။ အရင်ကထဲက သိခဲ့တဲ့ မိတ်ဆွေတွေ မဟုတ်ပဲ မိတ်သစ်တွေနဲ့ ရင်းနှီးဖို့ ရည်ရွယ်ပါတယ်။
ကျေးဇူးတင်ပါတယ်။

4 comments:
ဆက်ရေးပါနော်။ စောင့်ဖတ်နေပါ့မယ်။
ကျေးဇူးပါချိုသင်းရေ.. ချိုသင်းကို ခင်လို.ကို ဒီဘလော့ဂ်လေး ဖြစ်လာတာပါ.. ဟဲဟဲ
လာလည်သွားတာတွေ့လို့ကျေးဇူးတင်ပါတယ်...
ဟီးဟီး..
မမေသဇင်ဘယ်သူလဲ ဆိုတာ ရိပ်မိသလားလို့။
Post a Comment